Saturday, April 28, 2012

News (_)

ပြင်ဦးလွင်၊ ဧပြီလ ၄ ရက်။    ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ Post Paid (ဘေလ်ထုတ်ဆင့်ကောက်ခံသော စနစ်) တယ်လီဖုန်း သုံးစွဲသူတွေအနေနဲ့ တယ်လီဖုန်းပြောဆိုခ  ဖုန်းဘေလ်တွေကို Online Phone Billing Payment System (တယ်လီဖုန်း ပြောဆိုခ အွန်လိုင်း ငွေပေးချေမှုစနစ်) အဖြစ် ပြောင်းလဲ အသုံးပြုရတော့မယ်လို့ သိရပါတယ်။

ပထမအဆင့်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွေက Post Paid ဖုန်းတွေကို အခုနှစ် မေလက စတင်ပြီး လည်းကောင်း၊ ဒုတိယအဆင့်အနေနဲ့ နေပြည်တော်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ကျန်ဒေသအားလုံးရှိ ဖုန်းတွေကို အခုနှစ် ဇူလိုင်လက စတင်ပြီး လည်းကောင်း ပြောင်းလဲ အသုံးပြုစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Post Paid ဖုန်းဆိုရာမှာ အော်တိုဖုန်း၊ GSM နဲ့ CDMA ဖုန်းအားလုံး ပါဝင်တယ်လို့ သိရပါတယ်။

အွန်လိုင်းငွေပေးချေမှုစနစ် အသုံးပြုသူတွေအနေနဲ့ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်ရဲ့ Online Phone Billing Payment System နဲ့ ချိတ်ဆက်ထားတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ သမဝါယမဘဏ် (CB)၊ ယူနိုက်တက်အမရာဘဏ် (UAB)၊ မြန်မာအရှေ့တိုင်းဘဏ် (MOB) စတဲ့ ဘဏ် (၅) ခုထဲက ဘဏ်တစ်ခုခုမှာ နိုင်ငံသားစိစစ်ရေးကတ် မူရင်း၊ ဖုန်းစာအုပ်မူရင်းနဲ့ မိတ္တူတစ်စုံနဲ့အတူ Online Phone Billing Account (အွန်းလိုင်းဖုန်းဘေလ် အကောင့်) တစ်ခု ဖွင့်လှစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဘဏ်အကောင့် ရှိလာပြီဆိုတာနဲ့ အင်တာနက်ရရှိတဲ့ မည်သည့်နေရာက မဆို https://billing.yatanarpon.com.mm/ မှတဆင့် တယ်လီဖုန်းဘေလ် ပေးသွင်းနိုင်ခြင်း၊ လူကိုယ်တိုင် သွားရောက်ပေးဆောင်ဖို့ မလိုခြင်း၊ အချိန်ကုန် လူပန်းမဖြစ်ခြင်း၊ ငွေကြေး ပျောက်ရှမှု မဖြစ်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာ ဖြစ်တယ်လို့ သိရတယ်။ Online Phone Billing Payment System အသုံးပြုရာမှာ ဖုန်းဘေလ်အပြင် ဝန်ဆောင်ခအဖြစ် ငွေ ၅၀၀ ကျပ်သာ ထပ်မံကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။
                 By Foryouhelping

No comments:

Post a Comment