Saturday, April 28, 2012

ATM Bank

လက်ရှိပြည်တွင်းမှာ သုံးစွဲနေကြတဲ့ ATM ငွေထုတ်စက်တွေမှာ အသုံးပြုဖို့ အတွက် ATM ငွေထုတ်ကဒ်များ ပျောက်ဆုံးပါက  ပျောက်ဆုံးသူ ကဒ်ပိုင်ရှင်များဟာ မိမိတို့နဲ့ သက်ဆိုင်ရာ ဘဏ်တွေကို ၂၄ နာရီအတွင်း အကြောင်းကြားရမှာ ဖြစ်တယ်လို့ မြန်မာငွေပေးချေမှုအဖွဲ့ MPU က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီကဒ်တွေကို ကောက်ရတဲ့သူတွေဟာ စက်တွေမှာ ငွေများ သွားရောက် ထုတ်ယူပါက မူလပိုင်ရှင်ရဲ့ လျှို့ဝှက်နံပါတ် မသိပါက ငွေထုတ်ယူလို့ မရဘဲ၊ ဒါ့အပြင် ATM ကဒ်တွေဟာ စက်တွေမှာ ငွေထုတ်ယူတဲ့ အခါမှာလည်း လျှို့ဝှက်နံပါတ်ကို (၃) ကြိမ် မှားယွင်းရိုက်ခဲ့ပါက အဲဒီစက်ကဘဲ ကဒ်ကို အလိုလျောက် သိမ်းယူသွားမှာ ဖြစ်ပြီး၊ သိမ်းယူခြင်း ခံရပါကလည်း သက်ဆိုင်ရာ ကဒ်ပိုင်ရှင်တွေ အနေနဲ့ မိမိတို့ ကဒ်များနဲ့ သက်ဆိုင်တဲ့ ဘဏ်တွေမှာ ပြန်လည်လျောက်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ATM ကဒ်စနစ်ကို ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေက ပြည်ပရှိ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး ယခုနှစ်မှာ စတင် အသုံးပြုနိုင်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး၊ ဒါ့အပြင် ယခုနှစ်ထဲမှာဘဲ လက်ရှိကဒ်တွေထက် လုံခြုံမှု အပိုင်းမှာ ပိုမို အားသာတဲ့ စနစ်တွေ ထည့်သွင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အဆိုပါ MPU က တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
                                By Foryouhelping

No comments:

Post a Comment