အင်တာနက်အမြန်နှုန်းများ တိုးမြှင့်တော့မည်
အင်တာနက်အမြန်နှုန်းများ တိုးမြှင့်တော့မည်
မြန်မာနိုင်ငံတွင်
အင်တာနက်အမြန်နှုန်းမှာ လိုအပ်သည်ထက် နှေးကွေးနေသောကြောင့် ယခုနှစ်
မေလမှစတင်၍ လက်ရှိအသုံးပြုနေသည့် အမြန်နှုန်းထက် အဆ(၂၀)အထိ
တိုးမြှင့်ပေးသွားမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနဝန်ကြီးက ပြောကြားကြောင်း သိရသည်။ Myanmar Info-Techတွင်
ကျင်းပခဲ့သော သတ္တမအကြီမ်မြောက် မြန်မာ့သတင်းအချက်အလက်နှင့်
နည်းပညာကော်ပိုးရေးရှင်း လီမိတက်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ယခုကဲ့သို့
ပြောကြားလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုမှာ
ဖုန်းလိုင်းကိုအခြေခံသော စနစ်(ဥပမာ-ADSL)ဖြစ်သည့်အတွက် အရုပ်၊ အသံအပါအဝင်
သတင်းအချက်အလက်များ ပါဝင်စီးဆင်းသည့် အင်တာနက်မြန်နှုန်းမှာ
နှောင့်နှေးကြန့်ကြာတတ်သည်။ ယခုအခါ Fiber Optic Cabelစနစ်ကို
တည်ဆောက်ထားပြီး ဖြစ်သည့်အတွက် အင်တာနက်အသုံးပြုမှုအတွက် Bandwidthကို
လက်ရှိ 512MBမှ 10GBအထိ တိုးမြှင့်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ ထိုသို့
Bandwidth တိုးမြှင့်ခြင်းကို ၂၀၀၉ ခုနှစ် မေလတွင် စတင်အကောင်အထည်
ဖော်မည်ဖြစ်ကြောင်းနှင့် အင်တာနက်သုံးစွဲသူများအနေဖြင့် လက်ရှိအခြေအနေကို
ခေတ္တသည်းခံ စောင့်ဆိုင်းစေလိုကြောင်း ဝန်ကြီးက ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အင်တာနက်၊ အီးမေးလ်စနစ်ကို ၂၀၀၁ ခုနှစ်တွင်
စတင်အသုံးပြုခဲ့ပြီး ထိုနှစ်အတွင်း၌ပင် Bagan Cybertech (ယခုအခါ Myanmar
Teleport) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်၍ အများပြည်သူသို့ အင်တာနက်စနစ်ကို
ရောင်းချဝန်ဆောင်မှုပေးခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment