Monday, April 16, 2012

ကျပ်ခြောက်သောင်းခန့်ဖြင့် မိုဘိုင်းဖုန်းကိုင်နိုင်မည်

ကျပ်ခြောက်သောင်းခန့်ဖြင့် မိုဘိုင်းဖုန်းကိုင်နိုင်မည်အခွင့အရေး

ရုပ်မြင်သံကြားမှလွှင့်မည့် အိုင်တီဂတ်ဂျတ် ရှိုးနှင့် မယ်အိုင်တီ ၂၀၀၈ ရွေးပွဲတို့ပါ တစ် ပြိုင်တည်းကျင်းပသွားမည့် ရတနာပုံအိုင်တီ ပြပွဲကြီးကို ဒီဇင်ဘာ ၁၂ရက်မှ ၁၆ရက်ထိ ကျင်းပတော့မည်ဖြစ်သည်။

မိုဘိုင်းဖုန်းအသုံးပြုခကို ကြိုတင်ငွေချေသုံးစွဲနိုင်သည့် စနစ် ဖြစ်သော မြန်မာ့ဆက်သွယ်ရေး၏ ဂျီအက်စ်အမ်ကြိုငွေချေ ကတ် (GSM Prepaid Card) ကို အက်ဖ်အီးစီ (၅၀) ဖြင့် ၀ယ်ယူပါက ဂျီအက်စ်အမ်ဖုန်းနံပါတ်တစ်ခုပါရှိသော ဖုန်း ကတ် (Sim Card) ကိုရရှိမည့် ၀န်ဆောင်မှုကို မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြင်ဦးလွင်မြို့နယ် ရတနာပုံဆိုက်ဘာစီးတီး၌ လာမည့် ဒီဇင်ဘာ ၁၂ရက်မှ ၁၆ရက်အထိ ၅ရက်တိုင်တိုင်ကျင်းပမည့် The 7th Myanmar ICT Week Exhibition တွင် ယင်းဝန်ဆောင်မှုကို အများပြည်သူသို့ စတင်ရောင်းချမည်ဖြစ် သည်။ယင်းဖုန်းကတ်မှာ အ၀င်အထွက်ခေါ်ဆိုမှု နှစ်ခုစလုံး အတွက် ငွေပေးဆောင်ရမည်ဖြစ်ပြီး အ၀င်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် အက်ဖ်အီးစီ(၀.၀၅)နှင့် အထွက်အတွက် တစ်မိနစ်လျှင် အက်ဖ်အီးစီ (0.30) ဖြစ်သည်။
နိုင်ငံတကာ ဖုန်းကတ်များကဲ့ သို့ပင် ကြိုငွေချေကတ်ကုန်သွား ပါက အသစ်ငွေထပ်ဆောင်းမှု (topfup) ပြုလုပ်ရမည်ဖြစ်ပြီး ငွေ ထပ်ဆောင်းနေသရွေ့ ထိုဂျီအက်စ် အမ်ဖုန်းကို သက်တမ်း အကန့်အ သတ်မရှိသုံးစွဲသွားနိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ ငွေပေးချေမှုစနစ်နှင့် ခေါ်ဆိုမှုနှုန်းထားများ ပြောင်းလွဲ သွားခြင်းမှလွဲ၍ SMS များ ပေးပို့ နိုင်ခြင်း၊ မိမိစိတ်ကြိုက် ဂျီအက်စ် အမ်ဖုန်းအိမ်များကို ၀ယ်ယူသုံးစွဲ နိုင်ခြင်း၊ ဂျီအက်စ်အမ်ကွန်ရက် ရရှိသည့် နေရာဒေသတိုင်းတွင် သုံးစွဲနိုင်ခြင်း စသည့် ကျန်သော အချက်များမှာ လက်ရှိငှားရမ်းသုံး စွဲခွင့် ရနေသည့် ဂျီအက်စ်အမ်ဖုန်း များကဲ့သို့ပင်ဖြစ်သည်။
သတ္တမအကြိမ်မြောက် မြန်မာ အိုင်စီတီရက်သတ္တပတ် အထိမ်းအ မှတ် ပြပွဲကြီးကို ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ကြီးမှူးပြုလုပ်ပြီး၊ ရတနာပုံဆိုက် ဘာစီးတီးတွင် ဒုတိယအကြိမ် မြောက်ကျင်းပခြင်းဖြစ်သည်။အိုင် စီတီပြပွဲသို့လာရောက်မည့် ပရိ သတ်များအတွက် နာမည်ကြီး အဆိုတော်များ၏စတိတ်ရှိုး၊ အက အဖွဲ့များ၏ဖျော်ဖြေမှု၊ ကျွမ်းဘား အဖွဲ့များ၊ ပဟေဠိအစီအစဉ်များ၊ ဗဟုသုတတိုးပွားစေရန် အိုင်တီ ပညာရှင်များ၏ဆွေးနွေးဟောပြော ပွဲများ၊ ဉာဏ်စမ်းအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များနှင့် Miss IT 2008 ပြိုင်ပွဲကိုထည့်သွင်းထား ကြောင်း ဖျော်ဖြေရေးအစီအစဉ် များကို ပါဝင်ဆောင်ရွက်ပေးနေ သည့် InforithmMaze မှတာဝန် ရှိပုဂ္ဂိုလ်တစ်ဦးက 7Day News သို့ပြောကြားသည်။
ဖျော်ဖြေရေး အစီအစဉ်များ အတွက် FISCA, ZTE, Red Link, Htoo, TMW, Exotic Wings, MMG, Myanmar Technology Gateway နှင့် eTradeMyanmar တို့မှ ထောက် ပံ့ကူညီထားပြီး ယင်းလုပ်ငန်း များ၏ အကြောင်းအရာများ၊ ကုန် ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို စိတ်ဝင်စားဖွယ် သရုပ်ပြရှင်းလင်း သွားကာ IT Gadget Show (အိုင်တီဂတ်ဂျက်ရှိုး)ဟုအမည်တပ် ပြီး ရုပ်မြင်သံကြားမှ ဆက်တိုက် ထုတ်လွှင့်သွားမည်ဖြစ်သည်။

No comments:

Post a Comment