Saturday, March 29, 2014

တက်ဘလက်ဝယ်မယ်ဆိုရင် ( ကျွန်တော်က တော့ Ipad ကြိုက်တယ် ဗျ ) xxxxxxxx


Design and Weight
ထုတ်လုပ်သူအများစုက သတ္တုဘော်ဒီထက်၊ ပလပ်စတစ်ဘော်ဒီနဲ့ထုတ်တာများတယ်။ ပလပ်စတစ်အိမ်က ဈေးပိုသက်သာ သလို၊ ပိုပြီးတော့လည်း ပေါ့ပါးတယ်။ လက်ကိုင်သုံးဖို့များတာဆိုတော့ ပလပ်စတစ်အိမ်နဲ့ ပေါ့ပေါ့ပါးပါးကိုပဲ ရွေးချယ်သင့် တယ်။ ကြာရှည်စွာ လက်ထဲမှာ ကိုင်သုံးမယ်ဆိုရင်တော့ ပေါ့ပါးတဲ့ ပလပ်စတစ်ကိုပဲ ဦးစားပေးသင့်တယ်။

Screen and  Resolution
ဈေးသက်သာတဲ့ တက်ဘလက်အများစုဟာ မျက်နှာပြင်မြင်ကွင်း ၇ လက်မနဲ့ ၈ လက်မလောက်ထုတ်တတ်တယ်။ Resolution ကတော့ 1,280 x 800 pixels လောက်ရှိတတ်တယ်။ ရုပ်ရှင်ကြည့်ချင်ရင်တော့ မြင်ကွင်းကျယ် ရင် ပိုကောင်းတယ်။ 16:10 aspect ratio လောက်ဆိုရင် ရုပ်ရှင်ကြည့်ဖို့အဆင်ပြေတယ်။ e-Book ဖတ်ဖို့သုံးမှာဆိုရင် aspect ratio 4:3 လောက်ဆိုရင် လုံလောက်တယ်။ Resolution ကလည်း 1,024 x 768 pixels လောက်ဆို ရင်လုံလောက်ပါတယ်။

Processor
ဈေးသက်သာတဲ့ တက်ဘလက်တွေမှာတောင် dual-core ပရိုဆက်ဆာတွေ ထည့်သုံးလာတာတွေ့ရတယ်။ အင်တာနက် သုံးမယ်၊ e-book ဖတ်မယ်၊ သာမန်ရုပ်ရှင်ကြည့်မယ်ဆိုရင် ဒီပမာဏလောက်က လုံလောက်တယ်။ Googlr Nexus 7 တက်ဘလက်ကတော့ စွမ်းအားမြင့်တဲ့ quad-core ပရိုဆက်ဆာကို ထည့်သုံးပေးထားတယ်။ ဒါပေမယ့် ဈေးသက်သာဖို့ သိုလှောင်နိုင်စွမ်း storage ကို လျှော့ထားတယ်။ e-Book တွေအများကြီးထည့်ထားချင်သူတွေဆိုရင်တော့ စဉ်းစားရလိမ့် မယ်။

Storage
Internal storage ကတော့ အနည်းဆုံး 8GB လောက်တော့ရှိသင့်တယ်။ e-Book တွေကသိပ်ပြီးတော့ သိုလှောင် နေရာ မယူဘူး။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အဆင့်တစ်ခုလောက်တော့ ရှိသင့်တယ်။ ဗီဒီယိုကြည့်တာ၊ ပုံတွေသိမ်းတာ၊ download ချတာတွေအပြင် ဆော့ဖ်ဝဲတွေ ဂိမ်းတွေပေါင်းလိုက်ရင် နေရာလွတ်များလေ ကောင်းလေပဲ။ အကောင်းဆုံးက တော့ microSD ကတ်တွေ အပိုထည့်သုံးလို့ရတဲ့ slot ပါတာကို ရွေးချယ်လိုက်ရင် အပိုများများ သုံးလို့ရတယ်။

Ports
ဆက်သွယ်ပေါက် port တွေမှာ အခြေခံဖြစ်တဲ့ 3.5mm audio jack နဲ့ USB port လောက်တော့ပါရမယ်။ ဒေတာတွေ လွှဲပြောင်းနိုင်ဖို့နဲ့ အားပြန်သွင်းဖို့ micro USB port တော့ ပါရမယ်။ HDMI port လည်း TV တွေနဲ့ချိတ်ဆက်ကြည့်ဖို့ ပါသင့်တယ်။
ကြိုးမဲ့ဆက်သွယ်ဖို့ Wi-Fi နဲ့ Bluetooth ကတော့ မဖြစ်မနေပါရမယ်။ ဖုန်းပြောဖို့လည်းသုံးချင်ရင် Wi-Fi နဲ့ 3G connection တွေရတာကို ရွေးချယ်သင့်တယ်။ Wi-Fi သီးသန့်သုံးဖို့ ထုတ်ထားတဲ့ တက်ဘလက်တွေက ဈေးနည်းနည်း များတယ်။

Operating System
တန်ဖိုနည်းတက်ဘလက်တွေကို ဒီနှစ်ပိုင်းအတွင်းမှာ Android 4.1 OS (Jelly Bean) တွေနဲ့ ထုတ်လာတာ တွေ့ရတယ်။ ယမန်နှစ်ထုတ်တွေကတော့ Android 4.0 (Ice Cream Sandwich) တွေများတယ်။ OS မှာ Android 4.0 version ထက်နိမ့်ရင် မကောင်းဘူး။ ဆော့ဖ်ဝဲ update လုပ်ရင် အခက်အခဲတွေ့နိုင်တယ်။

No comments:

Post a Comment