
အနာဂတ်၏ ကမ္ဘာ့လူမှုရေး နယ်ပယ်တွင် ပေါ်လွင်ထင်ရှား အောင်မြင်စေမည့် တစ်ခုတည်းသော ပညာရပ်ဆိုင်ရာ နည်းပညာ အသစ်အဆန်းများ တီထွင် ကြံဆနိုင်ခြင်းဖြင့်သာ ကမ္ဘာသိ ပညာရှင် ဖြစ်စေမည် ဖြစ်သဖြင့် ယနေ့ လူငယ်များသည် IT ပညာရပ်ကို တလွဲ အသုံးမပြုမိစေရန် ဆင်ခြင်သင့်ကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းချုပ် Working Group Committee ဥက္ကဋ္ဌ ဦးသောင်းတင်က ၁၅-၂-၁၁ ရက်တွင် ပြောကြားသည်။ IT နည်းပညာသည် ကမ္ဘာပေါ်တွင် ရေးပန်းအစားဆုံး ပညာရပ် တစ်ခုဖြစ်ပြီး ၎င်းဘာသာရပ်ဖြင့် တီထွင် ကြံဆမှုကြောင့် ကမ္ဘာကျော်ခဲ့သူ၊ ဘီလျံနာအဖြစ် ချမ်းသာခဲ့သူ အများအပြား သာဓက ရှိခဲ့ပြီး ဖြစ်သည်။ ပြည်တွင်းရှိ ပညာရှင်များနှင့် ပညာနယ်ပယ်ရှိ လူငယ်များအနေဖြင့် ၎င်းပညာရပ်ကို တီထွင် ကြံဆ ဆန်းသစ်မှုဖြင့်သာ ဘဝ၏ အောင်မြင်မှုကို ရှာဖွေသင့်ပြီး လမ်းမှားလိုက်ခြင်းမျိုး မဖြစ်သင့်ကြောင်း သိရသည်။ ပညာရပ်က လူတစ်ဦးကို ကမ္ဘာကျော် စေပါတယ်။ ဥပမာ ပြောရရင် ဘီလ်ဂိတ်လို လူမျိုးပေါ့။

ကျွန်တော်တို့ရဲ့ အိမ်နီးချင်း အိန္ဒိယမှာ ဆိုရင် သူတို့ရဲ့ အိမ်နီးချင်း
အိန္ဒိယမှာဆိုရင် သူတို့ လူထုရဲ့ တစ်ရာခိုင်နှုန်းလောက်သော လူတစ်စုကသာ
ပညာရပ်နဲ့ နက်နက်နဲနဲ လုပ်ကိုင်နေကြပြီးတော့ တိုင်းပြည်ရဲ့
ပြည်ပဝင်ငွေကို ၁၀ ရာခိုင်နှုန်းကျော်အထိ ရှာဖွေပေးနိုင်တယ်။ အခု
မြန်မာလူငယ်တွေ၊ ပညာရှင်တွေ အနေနဲ့ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ဖို့က
ပညာရပ်တစ်ခုပဲ အလုပ်သင့်ဆုံး ဖြစ်နေတယ်။ မြန်မာတွေရဲ့ ဦးနှောက်က
သချာင်္ပညာမှာလည်း ကမ္ဘာ့အဆင့်မီပဲ၊ အင်္ဂလိပ်စာမှာလည်း မညံ့ဘူး။ ရဲ့အခြေခံက
ဒါတွေပဲလေ။ အခုဆိုရင် ကွန်ပျူတာ အင်တာနက် ကောင်းကောင်း သုံးနိုင်နေကြပြီ။
အဲဒီမှာ လမ်းမမှားကြဖို့ပဲ လိုတာ။ အခုလို သုံးစွဲခွင့် ရနေမှုကနေ ကမ္ဘာနဲ့
ရင်ပေါင်တန်းနိုင်မယ့် နည်းပညာ စနစ်သစ် တီထွင်ဖို့ကိုပဲ
ကြိုးစားကြစေချင်ပါတယ်။
ပညာရပ်နဲ့
တီထွင်ဆန်းသစ်မှု နည်းပညာ အသစ်ပေးနိုင်ခြင်းဟာ လူတစ်ဦးချင်းကနေ
တစ်နိုင်ငံလုံးကို ကမ္ဘာကသိအောင် လုပ်လာနိုင်တဲ့ ပညာရပ်ဖြစ်နေလို့ လူငယ်တွေ
သုံးစွဲမှုမှာ မမှားစေချင်ပါဘူး ဟု ဦးသောင်းတင်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ယနေ့ခေတ် လူငယ် အများစုမှာ ကွန်ပျူတာနှင့်ဆိုင်သော
ဘာသာရပ်အချို့ကို တတ်ကျွမ်းထားမှု ရှိကြသော်လည်း သုံးစွဲမှု
မတတ်ကြသေးကြောင်း၊ အချို့မှာ အွန်လိုင်း၊ အင်တာနက်၊ ချက်တင်သုံးစွဲပြီး
အချိန်အကျိုးမဲ့ ဖြစ်စေသလို၊ ကစားခြင်းများ၊ အခြားသော ညစ်ညမ်းခွေများ
ကြည့်ရှုခြင်းတို့ဖြင့် အချိန်ကုန်ခံကြသူများ ရှိနေကြပြီး နည်းပညာဆိုင်ရာ
လေ့လာ ဆန်းသစ်မှုများ ပြုလုပ်ခြင်းကို စဉ်းစားတွေးခေါ် ပြုလုပ်နိုင်စွမ်း
အားနည်းနေကြကြောင်းလည်း သိရသည်။
No comments:
Post a Comment