စိတ်ဝင်စားကြမယ်ထင်ပါတယ်..။ တစ်ခုဆိုးတာက မြန်မာနိုင်ငံကလွဲရင် အကုန်ရတယ်ဗျာ...။
လက်တွေ့လည်းစမ်းသက်ပြီးပါပြီ ဘယ်လိုလုပ်ရတယ်ဆိုတာပုံလေးတွေနဲ့ရှင်းပြမယ်နော်...။
ကျွန်တော်အင်တာနက်ကနေ သူငယ်ချင်းဖုန်းကိုခေါ်ကြည့်တာ အားလုံးအိုကေတယ်.။
အသံလည်းကြည်နေတာပဲ။
သူ့ရဲ့ ၀က်ဆိုဒ် ထဲကိုဝင်ပြီး ဆော့စ်ဝဲလေးကို အရင်ဒေါင်းလိုက်နော်.။

ဒီနေရာမှ ၀င်လိုက်ပါ။ ဘာဆက်လုပ်ရမယ်ဆိုတာပုံလေးတွေကြည့်ဆက်လုပ်လိုက်ပါ...။
ပုံ1...။။။။
- အရင်ဆုံး ဒီဆိုဒ်ထဲကို ရောက်သွားရင် Download Now ဆိုတာကို နှိပ်လိုက်ပါ။
- ရလာတဲ့ဖိုင်လေးကိုစက်ထဲမှာ run လိုက်ပါ.။နောက်ဆုံး Finished ထိပေါ့နော်..။
- ဒေါင်းလင့်ရှာရခက်နေရင် အပေါ်မှာ ပြထားပေးတယ်နော်..။
- 6.36MB ပဲရှိတယ်.....အရင်ဆုံးသွားဒေါင်းလိုက်နော်..။
ပုံ2..။။။။ ဟုတ်ပါပြီ ဒီအဆင့်ထိရောက်လာရင် ဆက်ကြည့်ပါမယ်.. အကောင့်တစ်ခုထည့်ပေးပါ။
ကျွန်တော်လုပ်ထားတာ နမူနာ ကြည့်လိုက်ပါ။ဖြည့်ပြီးရင် Register ကိုနှိပ်လိုက်ပါ။
ပုံ3..။။။ ကဲဒီအဆင့်မှာ ခုနကကျွန်တော် လုပ်တဲ့အကောင့်ကမရပါဘူး။
ရမယ့်အကောင့်တွေကိုပြထားပါတယ်။ ကျွန်တော်ကတော့ အပေါ်ဆုံး အကောင့်ကို ယူလိုက်ပါတယ်..။
ပြီးရင် Next ပေါ့နော်..။
ပုံ4..။။။ ဒီအဆင့်မှာ Start နှိပ်လိုက်ပါ ဘာမှလုပ်ပေးစရာမလိုပါဘူး။
ပုံ5..။။။ ဒီလို 3 တန်းပြည့်သွားရင်တော့ Next ဆက်သွားပါမယ်..။
ပုံ6..။။။ ဒီအဆင့်မှာ Next ပဲဆက်သွားလိုက်ပါ..။
ပုံ7..။။။ ဒီအဆင့်မှာ Next ပဲဆက်သွားလိုက်ပါ..။
ပုံ8..။။။ ဒီအဆင့်မှာ Next ပဲဆက်သွားလိုက်ပါ..။
ပုံ9...။။။ ဒီအတိုင်းပဲ Next ဆက်သွားလိုက်ရင် ဒီစာမျက်နှာပေါ်လာပါမယ်..။
ပုံ10..။။။ အိုကေ ဒီအဆင့်ရောက်ရင် မိမိမေးထဲကို စာရောက်လာလိမ့်မယ်..။
အပေါ်ဆုံးက here ဆိုတာနှိပ်ပြီး ၀က်ဆိုဒ်ကိုပြန်ရောက်သွားပါလိမ့်မယ်..။
ပုံ11..။။။။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း အောင်မြင်သွားပါပြီ.။ ခေါ်ဆိုရနိုင်တဲ့ နိုင်ငံတွေကိုလည်း ပြထားပါတယ်..။
ပုံ12..။။။ ဟုတ်ကဲ့ခင်ဗျာ.. ဒီအဆင့်မှာ အပေါ်ကကိုယ့်ဖုန်းနံပါတ်ရယ် အောက်ကကိုယ်ခေါ်ဆိုမယ့်
ဖုန်းနံပါတ် ထည်းပြီးရင် OK ပေါ့ဗျာ..။မပြီးသေးပါဘူး.. အောက်က ဖုန်းခေါ်တဲ့ အစိမ်းလေးကိုနှိပ်ပါအုန်း။
ပုံ13..။။။ ဒါလေးကတော့ ကျွန်တော့်သူငယိချင်းနဲ့ ဖုန်းပြောနေတာပါ.. အသံလှိုင်းလေးလည်းပြထား
ပါတယ်။
ခေါ်ဆိုတဲနိုင်ငံ အလံကိုပါပြထားပါတယ်..။ ဖုန်းချချင်ရင် အနီလေးကိုနှိပ်လိုက်ပါ...။
သူငယ်ချင်းများအားလုံးအဆင်ပြကြပါစေ..။။။
မြန်မာပြည်ကို ခေါ်ဆိုလို့မရသေးပေမယ့် မလေးရှား ၊ ထိုင်း ၊ စင်္ကာပူ တို့တွင်တော့ တစ်ပြားမှမကုန် အထူးအထူးအထူး ကောင်းတဲ့ အကြောင်း အဖွဲ့ဝင်များကို ထောက်ခံအားပေးလိုက်ပါတယ်ခင်ဗျာ ။


သူငယ်ချင်း 3ယောက်ကိုဆက်ကြည့်ပါတယ်.. လုံးဝ အိုကေပါတယ်. ။
ဒါကြောင့်မို့ အားလုံးအတွက် မျှဝေပေးလိုက်တာပါ..။။။
သူငယ်ချင်းများခင်ဗျာ သှူုရဲ့မူရင်းဆိုဒ်မှာ ဒေါင်းလော့စ်ရှာရခက်နေရင် ဒီမှာ ပဲဒေါင်းလိုက်ပါဗျာ..။
ဝင်လာတဲ့စာတွေကိုဖတ်ရတာ ဒေါင်းလောစ့်ဆိုတာရှာမတွေ့သူတွေတော်တော်များတယ်။။မသိသေးတဲ့သူများအတွက်ရည်ရွယ်ပါတယ်နော်
လှိုင်ဝင်းအောင်













No comments:
Post a Comment